ပျော်ဘွယ် မတ် ၁၂
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီကစတင်ကာ သတ်မှတ်စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၁၀၁၆ ဦးနှင့် ကျောင်းသူ ၁၄၆၁ ဦး၊ စုစုပေါင်း ၂၄၇၇ ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား ၉၇၆ ဦးနှင့်ကျောင်းသူ ၁၄၂၇ ဦး၊ စုစုပေါင်း ၂၄၀၃ ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား ၄၀ ဦးနှင့်ကျောင်းသူ ၃၄ ဦး၊ စုစုပေါင်း ၇၄ ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၇.၀၁ ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရ သိရသည်။
မြို့နယ်အတွင်း စာစစ်ဌာန ၉ ခု ဖြစ်သည့် အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း၌ စာဖြေဌာန ၂ ခု၊ အ.ထ.က (ယင်းတော်)၊ အ.ထ.က (ရန်အောင်)၊ အ.ထ.က (အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က-တောင်ညောင်ကုန်း(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က(ရွာသစ်အနောက်)၊ အ.ထ.က (မြောက်ညောင်ကုန်း) တို့၌ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)