ဆိပ်ဖြူမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲပြုလုပ်

ဆိပ်ဖြူ မတ် ၁၀

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲက နွေရာသီပန်းချီသင်တန်းမှ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲ ပြုလုပ်ဆောင်ရွက်သည်။

အဆိုပါအသိပညာပေး ဟောပြောခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က ကလေးအလုပ်သမားအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးသည်။ ထို့နောက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာတိုးတက်ဖွံ့ဖြိုးရေး၊ စာဖတ်ခြင်းကလေ့အကျင့်ကောင်းများ ရရှိရေးအတွက် စာအုပ်စာစောင်ပြပွဲများ၊ နံရံကပ်ဓာတ်ပုံပြပွဲများ ဆောင်ရွက်ပြီး ကျောင်းသား/ကျောင်းသူများက စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံကြည့်ရှုလေ့လာခြင်း၊ စာအုပ်စာစောင်များကို စာကြည့်တိုက်မှ ငှားရပ်ဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ကိုဇွဲ(အညာမြေ)