ဘုတ်ပြင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး၊ စားသောက်ဖွယ်များပေးအပ်

ဘုတ်ပြင်း    မတ်    ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေကြသည့် ကျောင်းသားကျောင်းသူများ၊ ကြီးကြပ်ဆရာဆရာမများနှင့်မိဘအုပ်ထိန်းသူများအား ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များက မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက မတ် ၉ ရက် ညနေက သွားရောက်အားပေးစကားပြောကြားသည်။

ထို့သို့သွားရောက်တွေ့ဆုံရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြို့များနှင့်ကျေးရွာများမှ စာမေးပွဲဖြေဆိုရန်ရောက်ရှိ တည်းခိုနေထိုင်သည့် အခြေခံပညာကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတို့ရှိ ကျောင်းသားကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ စာမေးပွဲကာလအတွင်း ကျန်းမာရေးကို အထူးအလေးထားဂရုစိုက်ရန်မှာကြားပြီး နေထိုင်စားသောက်ရေး၊ သောက်သုံးရေရှိရေး၊ ကျန်းမာရေးကိစ္စရပ်များနှင့် လျှပ်စစ်မီးရရှိရေးတို့ကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများကို အားပေးစကားပြေကြား၍ ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့်ကြက်ဥများကို  ပေးအပ်သည်။

ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အထက-ဘုတ်ပြင်း စာစစ်ဌာနတစ်ခုတည်းတွင် ကျင်းပမည်ဖြစ်ရာ ကျောင်းတွင်းဖြေဆိုသူ (၂၀၂)ဦး၊ ပြင်ပဖြေဆိုသူ(၃၉)ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ(၂၄၁)ဦး ဝင်ရောက်ဖြေဆိုမည်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)