မုံရွာ မတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီပြတ်လပ်မှုမဖြစ်စေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေးနှင့်စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲနိုင်ရေးအတွက် မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက မုံရွာခရိုင်/မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ၌ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်အတူ တာဝန်ရှိသူများလိုက်ပါပြီး မုံရွာမြို့ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက်ပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်းမပြုပဲ အခြင်အတွယ် မှန်ကန်စွာရောင်းချနိုင်ရေး၊ နေ့ရက်အလိုက် သတ်မှတ်ထားသော (စုံ၊ မ) အက္ခရာယာဉ်အမှတ်များကို သက်မှတ်ရက်အလိုက် စနစ်တကျ ရောင်းချသွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)