ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြိုအခမ်းအနား ကျင်းပ

ရွှေဘို မတ် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြိုအခမ်းအနားကို မတ်လ ၆ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ရွှေဘိုမြို့၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုခရိုင် စာသုံးသူရေးရာကော်မတီအတွင်းရေးမှူးက ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့အကြောင်းနှင့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် Video Clip  အား ပြသခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရွှေဘိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌သောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)