မင်းဘူး မတ် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြခံပညာ ထက်၊ လယ်၊ မူကျောင်းများ နွေရာသီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးအောင်မြင်၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဖေ၊ မြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်တို့က နွေရာသီသင်တန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်စုစုအောင်က သင်တန်းများ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးသွားမည့် အစီအမံများကို ပြောကြားခဲ့သည်။
ယင်းနောက် မင်းဘူး(စကု)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၅၈ ကျောင်းရှိ၍ ယဉ်ကျေးလိမ္မာင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကင်းထောက်သင်တန်း၊ အားကစားသင်တန်း၊ အနုပညာသင်တန်း စသော သင်တန်းငါးမျိုးတို့တွင် ယဉ်ကျေးလိမ္မာသင်တန်းကို ၁၃၀ ကျောင်း၊ အင်္ဂလိပ်စာသင်တန်းကို ၇၁ ကျောင်း၊ ကင်းထောက်သင်တန်းကို ၂ ကျောင်း၊ အားကစားသင်တန်းကို ၁၀ ကျောင်း၊ အနုပညာသင်တန်းကို ၃၆ ကျောင်း၊ စုစုပေါင်း ၁၄၉ ကျောင်းဖြင့် မတ်လ ၃ ရက်မှ ၉ ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၀ အထိ သင်ကြားပေးသွားမှာဖြစ်ကာ သင်တန်း (၅) မျိုးအတွက် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၁၅၁၆ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာထက်(မင်းဘူး)