ဘီးလင်း မတ် ၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား သောအားဖြင့် ထုတ်ပြန်သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အရ ဘီးလင်းမြို့နယ်၊ တောင်စွန်းကုန်ထုတ်စခန်းမှ အကျဉ်းသား (၁၈)ဦး လွတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက တောင်စွန်းကုန်ထုတ်စခန်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တောင်စွန်းကုန်ထုတ်စခန်းမှတာဝန်ခံအရာရှိ ဦးဇော်ရဲအောင်က လွတ်ငြိမ်းသက်သာခွင့်ရရှိသည့် အကျဉ်းသားများအား ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည် ဟူသောစည်းကမ်း သတ်မှတ်ချက်အရ လွတ်ပေးခြင်းဖြစ်ကြောင်းနှင့် ဆုံးမစကားများပြောကြားပြီး ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များ ပေးအပ်ခဲ့သည်။
ထို့နောက် လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား(၁၈)ဦးတို့အား တောင်စွန်းကုန်ထုတ်စခန်းမှ တာဝန်ခံအရာရှိ ဦးဇော်ရဲအောင်၊ တောင်စွန်းနယ်မြေရဲစခန်းမှ ရဲအုပ်ဝင်းဇော်ထူးနှင့် တာဝန်ရှိသူများက တောင်စွန်းဘူတာသို့ မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)