ပေါင် မတ် ၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ရင်းငြိမ်၊ အင်ပြောင် ကုန်ထုတ်စခန်းတို့၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇင်းကျိုက်မြို့အုပ်ချုပ်ရေးမှူး ဦးငွေတိုးအောင်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှူး ရဲအုပ်တင်မိုး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇေယျနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ ထိုလွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ် (၆/၂၀၂၆)၊ ရာဇဝတ်ကျင့်ထုံး ၄၀၁၊ ပုဒ်မခွဲ (၁)အရ ဇင်းကျိုက်ကုန်ထုတ်စခန်းမှအကျဉ်းသား(၂၃)ဦး၊ ရင်းငြိမ်ကုန်ထုတ်စခန်းမှ အကျဉ်းသား(၃)ဦးနှင့်အင်းဗြောင်ကုန်ထုတ်စခန်းမှအကျဉ်းသား(၅)ဦး စုစုပေါင်း(၃၁) ဦးအား ဆုံးမစကားပြောကြားပြီးနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)