မြို့သစ် မတ် ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ နဘဲကုန်းကျေးရွာအုပ်စု၊ ကိုရံတောင်ကျေးရွာ၊ စနစ်ကျလယ်မြေ (၂၀၀)ဧကဖော်ထုတ်ပွဲ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကိုရံတောင်ကျေးရွာစနစ်ကျလယ်မြေ(၂၀၀)ဧက ဖော်ထုတ်ခြင်း တာဝန်ရှိသူတစ်ဦးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသောတောင်သူများမှ ဒေသလိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနအကြီးအကဲများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)