"စပါးကြိတ်ခွဲသန့်စင်စက်ဖွင့်ပွဲအခမ်းအနားသို့"မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်တက်ရောက်အားပေး

မြို့သစ်       မတ်   ၁

မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးတင့်လွင်သည်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အတူတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေဖြိုးသာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်း၏ "စပါးကြိတ်ခွဲသန့်စင် စက်ဖွင့်ပွဲ အခမ်းအနားသို့ ၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ နေ့လည် ပိုင်းကရောက်ရှိကာဒေသ ခံတောင် သူများနှင့်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီးရွှေဖြိုးသာ စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအ သင်း ဥက္ကဋ္၊ ဦးဇော်ဝင်းက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများခဲ့ပြီး၊မကွေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဦးစီးမှူးကစပါးကြိတ်ခွဲသန့်စင်စက်နှင့်ပတ်သက်၍ ဖြည့်စွက် ပြောကြားသည်။

ဆက်လက်၍ ရွှေဖြိုးသာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားဦးသိန်းထိုက်စိုးက ကျေးဇူးအများကြီးတင်စကားပြန်လည်ပြောကြာသည်။

ထို့နောက် ဝန်းကြီးချုပ်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါကာ၊ စပါးကြိတ်ခွဲသန့်စင်စက်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)