ယင်းမာပင် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ (ခ)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၂) တွင် Grade-5 နှင့် Grade-9 စာမေးပွဲများကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှု များကို အမှတ်(၁)ရှေ့တန်းစစ်မျက်နှာ စစ်ဗျူဟာမှူး လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)