မော်လိုက် ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို (၂၃) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်တွင် စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ (၂၈) ရက်နေ့အထိ တစ်ရက်လျှင် (၁) ဘာသာဖြင့် ဖြေဆိုသွားမည်ဖြစ်ပြီး မော်လိုက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲဝင်တွင် Grade-5 မှ ဝင်ရောက်ဖြေဆိုသည့်ကျောင်းသား/သူ စုစုပေါင်း (၂၈၃)ဦးနှင့် Grade-9 တွင် ဝင်ရောက်ဖြေဆိုသူ (၄၇) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုထက် (ပြန်/ဆက်)