ကသာ ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade -5 အတန်းနှင့်Grade-9အတန်းများအတွက် နှစ်ဆုံးစာမေးပွဲ ပထဝီဝင်ဘာသာရပ်နှင့် လူမှုရေးဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ယမန်နေ့ (၁၁) နာရီအချိန်က ဖြေဆိုပြီးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်တွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ စာစစ်ဌာနတစ်ခုတည်း ဖွင့်လှစ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-5, အတန်းမှ ကျောင်းသား/ ကျောင်းသူ (၂၀၈)ဦးဖြေဆိုပြီး Grade-9 အတန်းမှ ကျောင်းသား/ ကျောင်းသူ (၆၈)ဦးဖြေဆို ကြကြောင်း သိရှိရသည်။
ကသာမြို့နယ် အခြေခံပညာကျောင်းများနှစ်ဆုံးစာမေးပွဲေအးချမ်းအောင်မြင်စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအပြင် ကျောင်းသားမိဘများကလည်းပူးပေါင်းကူညီ၍ အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(ကသာ)