ကျွန်းလှ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade–5 နှင့် Grade – 9 နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိသည်။
“၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ Grade – 5 နှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က စတင်ဖြေဆိုခဲ့ပါတယ်။ ကျွန်းလှမြို့နယ်မှာ အခြေခံပညာကျောင်း (၂၀)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်း စုစုပေါင်း (၂၂) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၇၀၅ ) ဦး အေးချမ်းစွာ ဖြေလျက်ရှိပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာတန်ရှိသူများ၊ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းပြီး ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ