ကျောင်းကုန်း ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ကြိုးကြာကွင်းကျေးရွာရှိ "စိုးစံ" ဆန်စက်နှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံ ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသစ္စာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံ၊ အလုပ်ရုံများ၌ မီးသတ်ဆေးဘူးထားရှိမှု၊ လျှပ်စစ် သွယ်တန်းသုံးစွဲမှု၊ မီးသုံးစွဲမှု၊ မီးဘေးတားဆီးကာကွယ်ရေးပစ္စည်းများ ထားသိုသုံး စွဲမှုအခြေ အနေများကို စစ်ဆေးကာ လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)