လက်ပံတန်းမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

လက်ပံတန်း ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာ‌ပေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လက်ပံတန်းမြို့မ ရဲစခန်းနှင့်  မီးရထားစက်ခေါင်းရုံတို့၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလင်းကျော်က ယခုအချိန်သည် ခြောက်သွေ့သော နွေရာသီအချိန်ဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယခုလိုအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်‌တွေ့သရုပ်ပြခြင်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် လက်ပံတန်းမြို့မရဲစခန်းမှူး ဒုရဲမှူးသက်ခိုင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြန်မာ့မီးရထားအထူးတန်းရုံပိုင်ကြီး ဦးအေးမင်းဦးနှင့် ဝန်ထမ်းများက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မီးဘေးအန္တရာယ်ကာကွယ်​ရေး လက်တွေ့မီးငြှိမ်းသတ်ရေးနည်းစနစ်များကို အသေးစိတ်ရှင်းလင်း၍ လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)