ရွှေတောင်မြို့နယ်၌ နွေစပါး ၁၅၉၉ ဧက စိုက်ပျိုးပြီးစီး

ရွှေတောင် ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး ၁၅၉၉ ဧက စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးခြင်းကို ဖေဖော်ဝါရီလမှစ၍ ဧက ၂၇၄၄ လျာထားစိုက်ပျိုးမည်ဖြစ်ရာ ယခုအခါနွေစပါး ၁၅၉၉ ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင်စွာဖြစ်ထွန်းနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများက စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နွေစပါးကိုအခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် သွင်းအားစုများပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေရရှိရန်နှင့် စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများအပြင် နွေစပါးကို တစ်ဧက တင်း ၁၀၀ ကျော်ထိထွက်ရှိနိုင်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စနစ်တကျ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)