ပဲခူး ဖေဖော်ဝါရီ ၂၄
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်ရှိ ချမ်းမြေ့ဇေယျာသာမဏေကျော်တက္ကသိုလ်အတွင်း သီတင်းသုံးနေထိုင်တော်မူကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ကျန်းမာရေးစောင့်ရှောက်မှုများကွင်းဆင်းပြုလုပ်ပေးကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေတို့က ဆေးကုသမှုခံယူကြသည့် သံဃာတော်အပါး(၂၀၀)ခန့်အား လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားကာ သွား၊ကလေး၊အရေပြားနှင့်အထွေထွေရောဂါ(ဖျားနာ) အထူးကုဆရာဝန်ကြီးများက ဘာသာရပ်အလိုက်ဆေးကုသပေးနေမှုအား လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)