ငလျင်ဒဏ်ကြောင့် ထိခိုက်ခံခဲ့ရသည့် ဖြူးမြို့နယ် သာသနာ့ဗိမာန်ပြန်လည်မွမ်းမံတည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ဖြူး ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီးသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ ဖြစ်ပွားခဲ့ရာ သာသနာ့ဗိမာန်တော်ကြီးအဝင် ဆင်ဝင်မုဒ်ဦး အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါသာသနာ့ဗိမာန်တော်ကြီးဝန်းအတွင်း ဓမ္မာရုံတွင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးကြရာ ဖြူးမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တပညာသာရ ကြွရောက်တော်မူပြီး တောင်ငူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဦး၊ ဖြူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင် (၂) ဦးခင်မောင်စိုးနှင့် ဖြစ်မြောက်ရေးကော်မတီဝင်များမှ တည်ဆောက်ရေးလုပ်ငန်း အလှူခံရရှိမှုအခြေအနေ၊ မတည်ငွေစာရင်း၊ သာသနာ့ဗိမာန်တော်ကြီးဆင်ဝင် မုဒ်ဦးအသစ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးသည် ငလျင်ဒဏ်ကြောင့် သာသနာ့ဗိမာန်တော်ကြီး ထိခိုက်မှုအခြေအနေနှင့်  ဆင်ဝင်မုဒ်ဦးတည်ဆောက်မည်အခြေအနေအား ကြည့်ရှု၍ သာသနာ့ဗိမာန်တော်ကြီး ပြန်လည်မွမ်းမံတည်ဆောက်နိုင်ရေးအတွက် ငွေကျပ် (၁၀) သိန်း လှူဒါန်းပါဝင်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)