ဇလွန်မြို့နယ်တွင် အသိပညာပေးဟောပြောပွဲကျင်းပ

ဇလွန် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနရုံးတွင် ယနေ့မွန်းလွဲပိုင်းက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရအသိပညာပေးအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ အာဟာရအသိပညာပေးအကြောင်း ဟောပြောပွဲတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးက မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မှုများ၊ စိတ်ထိခိုက်ခံစားရမှုများကို လျော့ချရန်နည်းလမ်းများ၊ MCCT အစီအစဥ်တွင် အကျိုးခံစားခွင့် ရှိသူများနှင့် အကျိုးခံစားခွင့်ရှိသူများ၏ အကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှု လက္ခဏာအကြောင်းအရာများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ကိုယ်ဝန်ဆောင်မိခင်များအား စားသုံးရန်မသင့်သော အစားအစာများအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက အွန်လိုင်းဆိုင်ရာ လိမ်လည်မှုအကြောင်းအရာများကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)