ရေတာရှည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ကွင်းဆင်းဆွေးနွေး

ရေတာရှည် ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အခြေခံပညာအထက်တန်းကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးအတွက် ဌာနများအလိုက် ကြီးကြပ်ရေးအဖွဲ့များက ယနေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ယခင်ကထက်အောင်ချက်ရာခိုင်နှုန်းမြင့်မားရေးစေရန် ဌာနအလိုက် ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်း၍ သက်ဆိုင်ရာ စာစစ်ဌာနများသို့ ကွင်းဆင်းဆွေးနွေးခဲ့သည်။

အဆိုပါ အဖွဲ့များက အ.ထ.က(ရေတာရှည်)၊ အ.ထ.က(ရွှေကြက်ယက်)၊ အ.ထ.က(သာဂရ)၊ အ.ထ.က(ဆွာ)၊ အ.ထ.က(မြို့လှ)၊ အ.ထ.က(ရေနီ)၊ ကိုယ်ပိုင်ကျောင်းများနှင့် သက်ဆိုင်ရာစာစစ်ဌာနများသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် စာမေးပွဲဖြေဆိုခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စာမေးပွဲဖြေဆိုမည့်အခန်းများ အလင်းရောင်ကောင်းစွာရရှိမှု၊ ညစာဖတ်ဝိုင်းများဆောင်ရွက်ထားရှိမှု၊ သင်ရိုးညွှန်တမ်းများနှင့် မေးခွန်းဟောင်းများ လေ့ကျင့်ဖြေဆိုနိုင်ရေး ရှိ၊ မရှိ၊ မီးဘေးလုံခြုံရေးစီမံဆောင်ရွက်ထားရှိမှု၊ ကျောင်းကျန်းမာရေးဆေးခန်းဆောင်ရွက်ထားရှိမှုနှင့် ရေ၊ မီး၊ မိလ္လာစနစ်များ ကောင်းမွန်ရေးတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စများနှင့် ကျောင်းသူ/ကျောင်းသားများအတွက် လိုအပ်သည့် စာအုပ်၊ စာရေးကိရိယာများကို သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)