လပွတ္တာ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သာလိကာကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော နွေစပါးအတွက် သွင်းအားစုဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးနှင့်ထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့များ၊ သွင်းအားစု ဓာတ်မြေဩဇာများထုတ်ယူကြမည့် ကျေးရွာအုပ်စုများမှ တောင်သူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ စုစုပေါင်း အင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကားပြောကြားခြင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးမှ ဓာတ်မြေဩဇာပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့မှ တက်ရောက်လာသည့် တောင်သူများထံသို့ သွင်းအားစု ဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)