သရက် ဖေဖော်ဝါရီ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ တောင်မင်းတည်းရပ်ကွက် မီးဘေးလုံခြုံရေးတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်လွင်မိုးနှင် တပ်ဖွဲ့ဝင်များက တောင်မင်းတည်းရပ်ကွက် မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီကတ်၊ လှေကား၊ ရေပုံး၊ မီးသတ်ဆေးဘူးနှင့် လျှပ်စစ်မီးအသုံးပြုမှုများနှင့် ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများ ဝါယာရှော့မဖြစ်စေရေးအတွက် လိုက်လံဆောင်ရွက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)