လှိုင်သာယာ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် (၉) နာရီ၌ အမှတ် (၈) ရပ်ကွက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အမှာစကားပြောကြားပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ
စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်ဇင်ကေသွယ်က စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးဥပဒေ၊ နည်းဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်းနည်းလမ်းများအား သင်ကြားပို့ချပြီး လက်တွေ့အငြင်းပွားမှုဖြေရှင်းခြင်းကို သင်တန်းသားများဖြင့် ဆောင်ရွက်သည်။
အဆိုပါသင်တန်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရုံး စည်းကြပ်နယ်မြေအတွင်းရှိ စက်ရုံအလုပ်ရုံအလုပ်ဌာနများမှ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)