နမ့်စန်(တ) ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပါရမီပညာရိပ်သာ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပါရမီပညာ့ရိပ်သာတည်ထောင်သူ ဒေါ်သက်မာဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါရမီပညာ့ရိပ်သာတည်ထောင်သူ ဒေါ်သက်မာဦးနှင့် အငြိမ်းစား ဆရာ/ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့်တာဝန်ရှိသူများက ဗဟိုအဆင့်နှင့်မြို့နယ်အဆင့်လူရည်ချွန်ဆုရရှိသူများ၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် တစ်နှစ်တာပညာသင်ဆုရရှိသူများ၊ ပညာရည်ချွန်ထူးချွန်ဆုများနှင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများကို ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပါရမီပညာ့ရိပ်သာမှ ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအကအလှများ၊ တေးသီချင်းများဖြင့် အခမ်းအနားတက်ရောက်လာကြသူများကို သီဆိုကပြဖျော်ဖြေခဲ့ပြီး ဆရာကန်တော့ပွဲအခမ်းအနားကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)