ပင်းတယမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းအား အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်

ပင်းတယ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဒေသအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို မြို့မအားကစားကွင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ အေရိုးဗစ်၊ လက်ဝှေ့နှင့်ကြက်တောင်အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်‌ပြီး၊ မြို့နယ်အားကစားရုံးတွင် စာရင်းပေးသွင်း၍ မည်သူမဆိုလာရောက်သင်ကြားနိုင်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)