မိုင်းယောင်း ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပြုပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(မိုင်းယောင်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်ဥပဒေအရာရှိ ဦးသက်ဘုန်းဝေနှင့် အ.ထ.က(မိုင်းယောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြည်တို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး ဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက တန်ဖိုး ၈၅၀၁၅၀၀ ကျပ်ရှိ သင်ထောက်ကူပြုပစ္စည်းများ၊ ဆက်သွယ်ရေးခက်ခဲသော အ.မ.က(မိုင်းဟစ်)၊ အ.မ.က-နမ့်နော်(အပေါ်)ကျောင်းတို့အတွက် တန်ဖိုး ၁၁ သိန်းရှိ ဆက်သွယ်ရေးပစ္စည်းများကိုပေးအပ်ပြီး ကျောင်းသားတစ်ဦးမှ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများသည် အ.ထ.က(မိုင်းယောင်း) ကျောင်းစာကြည့်တိုက်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း