ကျိုင်းတုံ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့က ခရိုင်မီးသတ်စခန်းတွင် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေက သဘာဝဘေးအန္တရာယ်အပါအဝင် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းပါးစေရန်နှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရန် ကြိုတင်မျှော်မှန်း၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို ကြိုးစားလေ့လာသင်ယူကြရန် ပြောကြားပြီး ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား ကြည့်ရှုအားပေးသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ၂၄ ဦး တက်ရောက်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၇ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)