လွိုင်လင်မြို့နယ်၊ အ.မ.က‌(နောင်ဟူး) ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ

လွိုင်လင် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ အ.မ.က၊ နောင်ဟူးကျေးရွာ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပခဲ့သည်။

ဦးစွာ (၆၀ ပေ × ၃၀ ပေ) RCC တစ်ထပ်ကျောင်းဆောင်သစ်အား လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လှည့်လည်ကြည်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်ဥက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က အသီးသီး အမှာစကားပြောကြားကြသည်။ ထို့နောက် နောင်ဟူးကျေးရွာ ရပ်မိရပ်ဖ ဦးလုံးစံယို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်အကများဖြင့် ကပြတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ နောင်ဟူးကျေးရွာ ကျောင်းဆောင်သစ်အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၅၂.၆၄၈ ကျပ်သန်းဖြင့် (၆၀ ပေ × ၄၀ ပေ) RCC တစ်ထပ်စာသင်‌ဆောင်ကို ဓနရွင်ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး