ကျိုင်းတုံမြို့နယ်အတွင်း လမ်း၊ တံတားလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကျိုင်းတုံ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း လမ်း၊ တံတားလုပ်ငန်းနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့က ကျိုင်းတုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လမ်းဦးစီးဌာနမှ ကျိုင်းတုံမြို့နယ် ပန်လီ-ဘူရှီး-တာချီလိတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ကျိုင်းတုံမြို့နယ်၊ မိုင်းပတ်(ထက်)အုပ်စု၊ ပုံခိတ်ကျေးရွာ ကုန်ထုတ်လမ်းနှင့် Box Culvert များဆောင်ရွက်နေမှု၊ ပုံခိတ်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတည်ဆောက်နေမှု၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ  မိုင်းလပ်ကျေးရွာအုပ်စု၊ နမ့်လပ်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ကတ်ဖကျေးရွာအုပ်စု၊ ဝမ်ဆိုင်း-ဝမ်ပုတ်ကောင်ကျေးရွာမြေသားလမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုတို့အား ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊  မြို့နယ်ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာအတွင်း လုပ်ငန်းများပြီးစီးနိုင်ရန် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)