ရေနံချောင်း ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် နိဗ္ဗာန်ဈေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက လူမှုဝန်ထမ်းဦးစီးဌာန ရေနံချောင်းမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ရေနံချောင်းမူလတန်းကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်ပပအုန်းနှင် ဆရာမများက ဦးဆောင်ကာ သားငယ်သမီးငယ်လေးများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေပြီး ကလေးများနေ့ကဗျာ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် ကဗျာများ၊ (၃၈) ဖြာမင်္ဂလာတရားကဗျာများကို ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် သားငယ်သမီးငယ်လေးများက မိုးပျံပူဖောင်းများ လွှတ်တင်ကာ နိဗ္ဗာန်ဈေးပွဲတော်ကို ဖွင့်လှစ်ပြီး မိဘအုပ်ထိန်းသူများအဖွဲ့ (၁၁) က သားငယ်သမီးငယ် ၁၁၅ ဦးအား ထမင်းဘူး၊ လက်ဆွဲခြင်း၊ ရောင်စုံခဲ့တံ၊ ရောင်ခြယ်စာအုပ်၊ ဦးထုပ်၊ ရေပြွတ်၊ ရေခွက်စသည့် လက်ဆောင်ပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်