ရေစကြို ဖေဖော်ဝါရီ ၁၄
ရေစကြိုမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က ရေစကြိုမြို့၊ အ.ထ.က (၁) ကျောင်းဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဝင်း အဖွဲ့ဝင်၊ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်၊ ဦးကျော်ဝင်း အတွင်းရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အကောင်းဆုံးဂိုးသမားဆု၊ အကောင်းဆုံးအားကစားသမားဆုနှင့် ပထမဆုရရှိသော Yesagyo City FC အသင်း၊ ဒုတိယဆုရရှိသော B.L Dream Team FC အသင်း၊ တတိယဆုရရှိသော P.L FC အသင်းတို့အား ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ကြိုက်နှစ်သက်သော ဘောလုံးအသင်း ၄ သင်းအား ဘောလုံးအင်္ကျီများ လက်ဆောင်ပေးအပ်ပြီး အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင် ဦးကျော်ဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းမောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝေဇင်မို့(ရေစကြို)