ကျိုက်ထို ဖေဖော်ဝါရီ ၁၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့မကံ့ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့မကံ့ကော်မူလတန်းကြိုကျောင်းမှ ကျောင်းသား/သူကလေးငယ်များက တိုင်းရင်းသားနှင့် ပြည်ထောင်စုနေ့ကို ကြိုဆိုပါသည်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးနှင့် မူလွန်(၁) ကံကော်ကျောင်းမှကျောင်း အုပ်ဆရာမကြီးဒေါ်စန်းစန်းမွန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် မြို့မကံ့ကော်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအား ကျောင်းဆင်းဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပြီး (က/ခ) ဇယားချိတ်ပြိုင်ပွဲ၊(A/B) ဇယားချိတ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အသီးစုံဇယားချိတ်ပြိုင်ပွဲ၊ ဝါ၊ စိမ်း၊ နီ၊ ပြာဇယား ချိတ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးအရောင် ရွေးပြိင်ပွဲ၊ ခွက်စီပြိုင်ပွဲတို့မှ ဆုရရှိသော ကျောင်းသား/သူကလေးငယ်များအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ကျိုက်ထို)