ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး ဖေဖော်ဝါရီ ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးသည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဓနုဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (ပင်းတယ) သို့ သွားရောက်၍ ဝန်ထမ်းများအား တွေ့ဆုံအားပေး၍ လိုအပ်သည်များ မှာကြားသည်။ ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ တပ်ကြီး-ကြံခင်းလမ်း ၂/၄ မိုင်ပေါ်တွင် (၆၀)ပေ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းအားလည်းကောင်း၊ ညောင်ဝန်း-ညောင်ကောက်-ဖနံ-သိမ်ကုန်း-တပ်ကြီးလမ်း မိုင်တိုင် ၀/၄ နှင့် ၀/၅ မိုင်ကြားတွင် (၃၀)ပေ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ချဉ်းကပ်လမ်း (၂၀၀x၂၆x၇) ပေဖို့ခြင်း၊ ကတ္တရာလမ်း (၂၀၀)ပေခင်းခြင်း၊ (၄၀၀)ပေ ရေလမ်းကြောင်းတည့်မတ်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ သိမ်ကုန်း-ကြံခင်းမြောင် ၁/၀ မိုင် လမ်းပိုင်းတွင် (၁၀)ပေ Box Culvert (၂)စင်းဆောင်ရွက်ခြင်း၊ (၁၅၀) ပေ ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်း၊ (၃၀၀)ပေ ရေလမ်းကြောင်းတည့်မတ်ခြင်း၊ (၂၀၀)ပေ ရေကျော်ဆောင်ရွက်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ ကုန်းစောင်းကျေးရွာအဝင်လမ်းပေါ်တွင် ၀/၂ မိုင် အပွန်းခံလွှာ ဆောင်ရွက်ခြင်း၊ (၁၅)ပေတံတား (၁)စင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ညောင်ဝန်း-ညောင်ကောက်-ဖနံ-သိမ်ကုန်း-တပ်ကြီး-ကံလှကုန်း ၁၁/၄ မိုင်လမ်း မိုင်တိုင် ၇/၂ မိုင်နှင့် ၇/၃ မိုင်ကြားတွင် (၃၀)ပေကွန်ကရစ်တံတား(၁)စင်း အသစ်တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ကိုယ်ထူကိုယ်ထဆောင်ရွက်ထားသည့် (၆၀)ပေ ပန့်ပိန်းသစ်သားတံတားတွင် (၅၀)ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်း၊ (၁၅၀)ပေ မြေထိန်းနံရံ နှစ်ဖက်ဆောင်ရွက်ခြင်း၊ တာဘောင်ဖို့ခြင်း၊ (၄၀၀)ပေ ရေလမ်းကြောင်း တည့်မတ်ခြင်း၊ (၁၅၀)ပေ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ (၆၀)ပေရှိဂုတ်ကြီးကွန်ကရစ်ချောင်းကူးတံတား (၄၅)ပေ မြေထိန်းနံရံ ဆောင်ရွက်ခြင်းနှင့် မြေဖို့ခြင်း၊ ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ရွှေပထိုး-အင်လုံ-တံတားကြီး-သရက်ကုန်း-ဖနံ-ပန်းအိုးကွဲ ၅/၀ မိုင် မြေလမ်းပေါ်ရှိ (၂၀)ပေကွန်ကရစ်တံတားတွင် (၅၀) ပေ ကမ်းပါးနံရံတည်ဆောက်ခြင်း၊ (၅၀) ပေ မြေထိန်းနံရံဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရွှေပုထိုးကျေးရွာအုပ်စု၊ ထိုးပုံ (အနောက်စု) ကျေးရွာနှင့် အင်လုံကျေးရွာတို့တွင် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းဆောင်ရွက်ထားမှုအား ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး တောင်သူများမှ တင်ပြမှုများအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထက်ဝေ(ပြန်ဆက်)