မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နွေရာသီကျောင်းပိတ်ရက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ နံနက် (၁၀)နာရီက အဆိုပါကျောင်း နဝဒေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရပ်မိရပ်ဖ ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွမ်းတို့က အမှာစကားအသီးသီး ပြောကြားကြသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က နွေရာသီကျောင်းပိတ်ရက် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မိုင်းပျဉ်းတပ်နယ်မှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ် နွေရာသီကျောင်းပိတ်ရက်သင်တန်းကို (၁၂-၂-၂၀၂၆)ရက်နေ့မှ (၂၁-၂-၂၀၂၆)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ ယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ ကဗျာလွတ်နှင့် ကာယသင်တန်းများ ပါဝင်ကာ ကျောင်းသား၊ ကျောင်းသူ (၂၅၀)ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်/ဆက်)