တိုက်ကြီး ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ဂျိုးဖြူအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံရှိ ခြင်းလုံရုံတွင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါအမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အသင်း ၁၅ သင်း၊ အသင်းတစ်သင်းလျှင် အသင်းနည်းပြ ၁ ဦး၊ အသင်းအုပ်ချုပ်သူတစ်ဦးနှင့် အသင်းသား ၅ ဦး ပါဝင်ကာ စုစုပေါင်း အသင်းသား ၇၅ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပွဲစဉ်များအလိုက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကစားကြမည်ဖြစ်ရာ ဗိုလ်လုပွဲတွင် အနိုင်ရရှိသည့် အသင်းများအား (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)