ညောင်ဦး ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး၊ လှုပ်ရှားစိုးမိုးရေး တာဝန်ထမ်းဆောင်နေသည့် အဖွဲ့ဝင်များအား အထူးစစ်နည်းဗျူဟာများပို့ချရန်အတွက် စွမ်းရည်မွမ်းမံသင်တန်း (၁/၂၀၂၆) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်၊ နံနက် ၉ နာရီခွဲက အမှတ် (၄၁၅) ၊ ခြေမြန်တပ်ရင်းခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းသားများအား စားသောက်ဖွယ်ရာများနှင့်အသုံးအဆောင်ပစ္စည်းများ ညောင်ဦးခရိုင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် တာဝန်ရှိသူများက ပေးအပ်သည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဒီပါလင်း