ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဈ)ရပ်ကွက်၊ ကနောင်ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက်(၁၈)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် (၁၈)ရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီး တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်နေအိမ်များအတွက် သွပ်၊ ဘိလပ်မြေ၊ သံချောင်းနှင့် ငွေသားချက် လက်မှတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက မိသားစုဝင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ (၁၈)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ မိသားစုဝင်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)