မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်‌မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပ

မြစ်သား ဖေဖော်ဝါရီ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ဖေဖော်ဝါရီ  ၈ ရက် နံနက် ၉ နာရီက မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ပေးလျက်ရှိသည်။

၂၀၂၆ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကျင်းပရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “စည်းလုံးခြင်းသည်ခွန်အား ပြည်ထောင်စုဖွား ညီနောင်များ” ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကဗျာပြိုင်ပွဲတွင်  “ပြည်ထောင်စုနေ့မမေ့အပ်” ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ အထက်တန်း၊ အလယ်တန်း မူလတန်းအဆင့် ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၀ ဦးတို့ ဝင်ရောက်ဖြေဆိုလျှက်ရှိကြောင်းသိရသည်။ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်ပညာရေးမှူးက ဦးဆောင်ပြီး အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ် စောင့်ကြပ်ပေးခဲ့‌‌ကြောင်း  မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)