မိုင်းပန်မြို့နယ်၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင် သဝဏ်လွှာဖတ်ကြားခြင်း ကျင်းပ

မိုင်းပန် ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းကို မြို့နယ်စဝ်ကောလီခန်းမပန်းခြံ၌ ယမန်နေ့ နံနက် ၇ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်က၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်တွင် ဖျော်ဖြေကပြပြီး အကအဖွဲ့များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူဌာနဆိုင်ရာအကြီးအကဲများက ဆုများချီးမြှင့်ခဲ့ကြပြီး မြို့နယ်မှထွက်ရှိသည့် ဒေထွက်ကုန်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)