မိုင်းဆတ်မြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

မိုင်းဆတ် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကျင်းမှူးကျင်းပသည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ရှမ်းတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးစိုင်းခမ်းကျောက်တို့က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဋ္ဌာန်လေးချက် ရွတ်ဆိုကာ တာဝန်ရှိသူတို့က အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲပထမပွဲစဉ်အဖြစ် Second Family-FC အသင်းနှင့် Lion-FC အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြကြောင်း၊ အဆိုပါ ဘောလုံးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်ဘောလုံးအသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)