မိုင်းတုံမြို့၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနား ကျင်းပ

မိုင်းတုံ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ‌ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့်( ၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က ဖတ်ကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင် စည်သူ ဦးအောင်‌ အောင်ထံမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးမှ ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မိုင်းတုံအခြေချစစ်ဗျုဟာမှူးကြီး ဗိုလ်မှူးကြီးနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊  မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ လာဟူးယဉ်‌ကျေးမှုအဖွဲများနှင့် လီဆူရိုးရာယဉ်‌ကျေးမှုအဖွဲ့များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပြည်သူ့လုံခြုံ‌ရေးနှင့်အကြမ်ဖက်နှိမ်နှင်း‌ရေးအဖွဲ့များ(မြို့ပေါ်လုံခြုံရေးအဖွဲ့)၊ စုစု‌ပေါင်းအင်အား (၂၅၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)