မက်မန်းမြို့တွင် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

မက်မန်း ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့တွင် ရောက်ရှိသည့် (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က မက်မန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်က ဖတ်ကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှ (၇၉) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို မက်မန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က ဖတ်ကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်နှင့် ဝန်ထမ်းများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့အတွင်းရေးမှူး နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှမ်းတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ လားဟူတိုင်းရင်း သားယဉ်ကျေးမှုအဖွဲ့နှင့် “ဝ” တိုင်းရင်းသားယာဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်

ခရိုင် (ပြန်/ဆက်)