လောင်းလုံးမြို့နယ်၌မီးသတ်ဦးစီဌာနမှ ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ်(၇/၂၀၂၆)ဖွင့်ပွဲ ကျင်းပ

လောင်းလုံး   ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၌ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် မီးငြိမ်းသတ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအား ယာဉ်မောင်း(မွမ်းမံ)သင်တန်း အမှတ်စဉ် (၇/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်ရှိ မီးသတ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် လောင်းလုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ထိုက်က မီးသတ်ဦးစီးဌာန၌ လက်ရှိအသုံးပြုလျက်ရှိသည့် မီးသတ်ယာဉ်အမျိုးမျိုးမှာ လိုအပ်ချက်အရ ယာဉ်မောင်းအဖြစ်ထပ်မံတာဝန်ချထားနိုင်ရန်၊ မီးသတ်ယာဉ်များ ကိုင်တွယ်မောင်းနှင်းရာတွင် ယာဉ်မောင်းသူတစ်ဦးအနေဖြင့် ရေ၏အလေးချိန်/ဖိအားနှင့် လှုပ်ရှားမှုသဘောတရားများကို နားလည်သိရှိပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင်နိုင်စေဖို့အတွက် ယခုကဲ့သို့ယာဉ်မောင်းသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်သဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းနည်းပြများက သင်ကြားပြသပေးသည့်ဘာသာရပ်များကို ဂရုတစိုက်လေ့လာမှတ်သားကြရန် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဦးက ယာဉ်မောင်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်ပြောကြားပြီးနောက် အဆိုပါယာဉ်မောင်းသင်တန်းအား သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား( ၂၅)ဦးဖြင့် ဖေဖော်ဝါရီ ၂ ရက်‌မှ ၁၃ရက်အထိ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)