ရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရွာသစ် ဇန်နဝါရီ ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အဆိုပါနေရာများ၌ ကွင်းဆင်းဆောင်ရွက် ခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သန်း၊ ဘောလခဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးတင်ကိုလတ်၊ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ရွာသစ်မြို့ လယ်ယာ ကုန်ထုတ်လုပ်လမ်း ဆောင်ရွက်ခြင်း လုပ်ငန်း၊ ဝမ်မလန်းကျေးရွာရှိ ဂါလံ (၅၀၀၀)ဆံ့ ရေကန် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နန်းဆွေဆွေအေး (ပြန်ဆက်)