ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ ပြုလုပ်

ပင်လောင်း ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာဦးစီးဌာနမှူး ဒေါက်တာခင်သိန်းထွေးက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၏ အဖွင့်မိန့်ခွန်းပြောကြားခြင်းနှင့် နိုင်ငံ့တစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပြီး လက်ရှိဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးနှံပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ကေသီခိုင်က ကာကွယ်ဆေးထိုးနှံရာတွင် အသုံးပြုသည့် ဆေးထိုးအပ်၊ ဆေးပုလင်းစသည့် ဆေးပစ္စည်းများအကြောင်းနှင့် အသုံးပြုပြီး ဆေးထိုးအပ်၊ ဆေးပုလင်းပစ္စည်းများ စွန့်ပစ်အကြောင်းကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ တိုက်နယ်ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)