ကျိုင်းတုံ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျိုင်းတုံမြို့၌ (၅၀)ကြိမ်မြောက် “ ဝ ” တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က မိုင်းဇင်းကျေးရွာအုပ်စု ပင်းဆိုင်း(ဝ)ရွာတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အမှာစကားပြောကြားပြီး (၅၀)ကြိမ်မြောက် “ဝ” တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်အတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ကျိုင်းတုံမြို့နယ် “ဝ”တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။ ယင်းနောက် “ဝ”တိုင်းရင်းသားများက ရိုးရာယဉ်ကျေးမှု အက၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ဧည့်ပရိတ်သတ်များအား ရိုးရာအစားအစာများဖြင့် တည်းခင်းဧည့်ခံကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)