ကလော ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပင်မှီကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇန်နပြည်နယ် ကြက်ခြေနီအဖွဲ့နှင့် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ကြက်ခြေနီအဖွဲ့ ဒေါက်တာမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်စုစုညိမ်းနှင့် အဖွဲ့ဝင်များ၊ ပင်မှီကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပင်မှီကျေးရွာအုပ်စု၊ ပင်မှီရွာမဘုန်းတော်ကြီးကျောင်းတွင် ကျေးလက်နေဒေသခံပြည်သူ ၂၅၃ ဦးတို့အား ကျန်းမာရေးပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အခမဲ့ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)