ပေါင်းတည်ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် စည်းလုံးညီညွတ်မှုအကျိုးရလဒ်များကို သိရှိနားလည်နိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီက ပေါင်းတည်မြို့နယ်၊ အရှေ့လမ်း အခြေခံပညာမူလတန်းကျောင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲ၌ အရှေ့လမ်း အ.မ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာညွန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးရရှိခဲ့ခြင်းအကြောင်း သိကောင်းစရာများကို အကျယ်တဝံ့ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြပွဲကို ဆက်လက်ခင်းကျင်းပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)