သဲကုန်းမြို့နယ်တွင် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

သဲကုန်း ဇန်နဝါရီ ၂၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့်အပြင် မိသားစုစားဝတ်နေရေး ပြေလည်စေရန်၊ ဒေသဝမ်းစာဖူလုံစေရန်အပြင် စားရေရိက္ခာများဖူလုံစေရန်အတွက် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုနေ့စဥ်အပိုဝင်ငွေရရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ အိမ်ခြံမြေများ၊ ဥယျာဉ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် ရာသီဥတုနှင့်ကိုက်ညီသောခရမ်း၊ ခရမ်းချဉ်၊ ကိုက်လန်၊ မုန်လာထုတ်၊ မုန်လာဥ၊ ကြက်သွန်နီ၊ ရုံးပတီ၊ တိုင်ထောင်ပဲ၊ ရွှေဖရုံ၊ သခွား၊ မုန်ညှင်း၊ ခဝဲ၊ ငရုတ်၊ နံနံ ၊ ဘူးသီး၊ ကျောက်ဖရုံ၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီ၊ ဘိုကိတ်ပဲ စသည့်စိုက်ပျိုးရေးသီးနှံများကို ဓာတုကင်းလွတ်သီးနှံများရရှိစေရန်၊ သဘာမြေဩဇာ၊ သဘာဝပိုးသတ်ဆေး၊များအား စနစ်တကျသုံးစွဲ၍ စိုက်ပျိုးလျက်ရှိပြီး စားသုံးသူပြည်သူများအား ကျန်းမာရေးနှင့်ညီညွတ်ပြီး အဟာရပြည့်ဝသော စားဖိုဆောင်ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ မိသားစုနေ့စဥ်အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိသည်။

သဲကုန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိများမှလည်း အခြေခံစိုက်ပျိုးရေးနည်းပညာများ၊ ပိုးမွှားကျရောက်မှု ကာကွယ်နှိမ်နင်းနည်း စသည့်စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟောပြာခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)